( လူ့ပြည်မှာ လူဖြစ်ရတော့မယ့် ၀ိဥာဉ် တစ်ခုကို သြ၀ါဒ ပေးထားတဲ့သဘောပါ )
(၁) သင်ဟာ ခန္ဓာတစ်ခုကို ရမယ် ။
အဲဒီ ခန္ဓာကို သင်ကြိုက်ချင်လည်းကြိုက်မယ် ၊ မုန်းချင် လည်းမုန်းမယ် ။ ဒါပေမယ့် ဒီဘ၀အတွက်တော့ ဒီခန္ဓာဟာ သင့်ခန္ဓာကိုယ် ပါပဲ ။
(၂) ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ် ။
ရအောင်လုပ်ရလိမ့်မယ် ။
' ဘ၀ ' လို့ခေါ်တဲ့ သင်ရိုးသတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ ။
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက် သင်ခန်းစာတွေ ဆည်းပူးခွင့်ရလိမ့်မယ် ။
ဒီသင်ခန်းစာတွေကို သင်သဘောကျချင်လည်းကျမယ် ။ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ် ။ အဓိပ္ပါယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ် ။
(၃) အမှားမရှိပါဘူး ။ သင်ခန်းစာတွေချည်းပါပဲ ။
လုပ်ကြည့်လိုက်ရင်း ၊ မှားမှန်းသိရင်း ၊ ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့သူ ၊ အသိဥာဏ်ကြီးထွားတဲ့သူ ဖြစ်လာတာပဲ ။
မအောင်မြင်တဲ့ စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွားမှုကို အထောက်အကူ ပြုပါတယ် ။
(၄) ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရတယ် ။
သင်ခန်းစာ တစ်ခုကို မကျေညက်ရင် အဲဒီသင်ခန်းစာ ပဲထပ်တွေ့ရမယ် ။ စာမေးပွဲမအောင်ရင် အဲဒီအတန်းမှာပဲ ထပ်နေရဦးမယ် ။
သင်ခန်းစာမရမချင်း ဒီသင်ခန်းစာရမယ့် အခြေအနေကို ပုံစံမျိုးစုံနဲ့ ထပ်တွေ့ရမယ် ။
သင်ခန်းစာ တစ်ခုကို သေသေချာချာနားလည်သွားပြီ ၊ သဘောပေါက်သွားပြီ ၊ ကျေညက်သွားပြီ ဆိုရင် နောက်သင်ခန်းစာ တစ်ခုကို တက်ရပြီ ။
(၅) ပညာသင်တာဟာ အဆုံးမရှိဘူး ။
ဘ၀မှာ သင်ခန်းစာယူစရာတွေရှိနေသေးတာပဲ ။
(၆) ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး ။ အနာဂတ်ဟာ ပစ္စုပ္ပန် ထက်ပိုကောင်းတယ်လို့
ထင်ရတဲ့ နောက်ထပ် အနာဂါတ် တစ်ခု ရဦးမှာပဲ ။
(၇) သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ ။
သူတစ်ပါးကို မုန်းတယ်ဆိုရင် ငါ..သူ့ကိုဘာကြောင့်မုန်းသလဲဆိုတာ သေသေချာချာကြည့်ပါ ။
ငါ..သူ့ကိုမုန်းရတဲ့ အကြောင်း ငါ့မှာလည်းရှိတယ် ။ လူတစ်ယောက်ကိုချစ်တယ် ၊ ခင်တယ် ဆိုရင်လည်း
ကြည့်ပါ ။ သူ့ကိုငါ ဘာလို့ချစ်တာလဲ ။
(၈) သင့်ဘ၀ကို သင်ဘာလုပ်တယ် ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ် ။
သင့်မှာ လိုအပ်တဲ့ လက်နက်ကိရိယာ နဲ့ ပစ္စည်း တွေရှိနေပါတယ် ။
အဲဒီလက်နက်ကိရိယာနဲ့ ပစ္စည်းတွေကို သင်ဘယ်လိုအသုံးပြု သလဲဆိုတာ သင့်အပေါ်မှာပဲ
မူတည်ပါတယ် ။ သင်ကြိုက်တာ ရွေးခွင့် ရှိပါတယ် ။
(၉) သင့်အတွက် အဖြေဟာ သင့်အတွင်းမှာပဲ ရှိပါတယ် ။သင့်ဘ၀နဲ့ ပါတ်သတ်တဲ့မေးခွန်းတွေရဲ့ အဖြေဟာ
သင့်အတွင်းမှာပဲ ရှိပါတယ် ။
လုပ်ဖို့လိုတာကတော့ ဥာဏ်နဲ့ကြည့်ဖို့ ၊ နားထောင်ဖို့ နဲ့ ယုံကြည်မှု ရှိဖို့ပဲ ။
(၁၀) ခုလိုမှာလိုက်တာတွေကို သင်မေ့ သွားလိမ့်မယ် ။
(ဖတ်ဖူးထားပြီး သဘောကျခဲ့တဲ့ဟာလေးတစ်ခုပါ ။ ဘယ်နေရာမှာ ဘယ်သူရေးထားတာလဲ ဆိုတာ မမှတ်မိတော့ပါဘူး ။)
Thursday, May 14, 2009
Rules for being Human
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment