Saturday, May 9, 2009

ချစ်သူသို့

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မှို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်းဘယ်လိုမှ ဖတ်ရမှာမဟုတ်ဘူး ။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ် ။

ချစ်သူရေ...
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
... ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့ ။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ ။ ။

( တာရာမင်းဝေ )

ချစ်သူကိုပေးဖတ်ဘူးတဲ့ကဗျာလေးပါ.....ကျွန်တော်လည်းကြိုက်တယ်....
ချစ်သူလည်းကြိုက်လိမ့်မယ်လို့ထင်ပါတယ်...

0 comments:

Post a Comment