Wednesday, June 10, 2009

ည...
အတိတ်က အရိပ်မည်းတွေက
ငါ့ကို ပြန်နင်းခြေသွားတဲ့ ည... ။
မှောင်လိုက်တာ...
နေဆယ်စင်းထွန်းတောင် လင်းတော့မယ်မထင်ဘူး ။

ကံအကြောင်းက မကောင်းခဲ့ပါဘူးဆိုမှ
ဒီမိုးတွေကလဲ....
ငါသွားလေရာမှာ လိုက်လိုက်ရွာတယ် ...
တစ်ကိုယ်လုံးကို ရွှဲနစ်လို့ ။

ဒီချောက်ကမ္ဘားက ငါတက်နိုင်ပါဦးမလား..
လက်ထဲက ကောက်ရိုးတစ်မျှင်ကလဲ..
နွမ်းလျှပျော့ခွေလို့ ။

ဒါပေမယ့်...
ယိုင်နဲ့နုတ်ခမ်းတွေနဲ့...
ခပ်တိုးတိုးလေး သူ့နာမည်ကိုရွတ်ဆို..
ဆုတောင်းတစ်ခုကိုလဲ
မ၀ံ့မရဲ ကြေညာမိသေးတယ်..
မနက်ဖြန် မိုးအလင်းမှာ...
ချစ်သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ် ။

အဲဒီလိုနဲ့ပဲ...
မိုးလင်းသွားတာတောင်..
ကျွန်တော်က မှောင်တုန်း ။ ။

(မိုးခေတ်)

အိပ်မပျော်သော ညတစ်ည သို့........ ။

0 comments:

Post a Comment