အခုလို တိမ်ခိုးရာသီ တစ်ခုပြီး တစ်ခု တိုင်အောင်
ကြာ...ခဲ့...တယ် ။
သီချင်းတွေနဲ့ ကိုယ့်ကိုကိုယ် ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း ဆန့်မော့ညွှတ်ကွေး
သူ့နာမည်ကို
ခွေးရည်ပုရပိုက်မှာ မရေးဘူးလို့လည်း
ငြင်း...ခဲ့...တယ် ။
နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေး တစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ။
ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲခဲ့တာပါ ။
အစိတ်စိတ်အမွှာမွှာ ကွဲပြီးခါမှ
' လမင်း ' ပြန်လုပ်ရမှာမှို့လို့
နည်းနည်းတော့ကြာမယ်....
ကြာ... လိမ့်... ဦး... မယ်... ။
အဲဒီလိုနဲ့...
ဓားကျိုးကြီးတစ်လက်ကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်းနေတုန်းပဲကွယ်... ။ ။
(တာရာမင်းဝေ)
အခုလတ်တလော ရင်ထဲရောက်နေတဲ့ ကဗျာလေးပါ ။......
ကြာ...ခဲ့...တယ် ။
သီချင်းတွေနဲ့ ကိုယ့်ကိုကိုယ် ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း ဆန့်မော့ညွှတ်ကွေး
သူ့နာမည်ကို
ခွေးရည်ပုရပိုက်မှာ မရေးဘူးလို့လည်း
ငြင်း...ခဲ့...တယ် ။
နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေး တစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ။
ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲခဲ့တာပါ ။
အစိတ်စိတ်အမွှာမွှာ ကွဲပြီးခါမှ
' လမင်း ' ပြန်လုပ်ရမှာမှို့လို့
နည်းနည်းတော့ကြာမယ်....
ကြာ... လိမ့်... ဦး... မယ်... ။
အဲဒီလိုနဲ့...
ဓားကျိုးကြီးတစ်လက်ကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်းနေတုန်းပဲကွယ်... ။ ။
အခုလတ်တလော ရင်ထဲရောက်နေတဲ့ ကဗျာလေးပါ ။......
0 comments:
Post a Comment